Welcome to Open Myanmar Initiative
single
ပြည်သူ့ရေးရာမူဝါဒနှင့် ကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ပြည်သူ့ရေးရာမူဝါဒများ ပိုမိုကောင်းမွန် ထိရောက်လာစေရေးနှင့် ကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာစေရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား အတူတကွစုစည်း၍ ရေရှည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို မြှင့်တင်နိုင်ရန် ရည်ရွယ်လျက် ပြည်သူ့ရေးရာမူဝါဒနှင့် ကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက် တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ City Star ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲ နံနက်ပိုင်း အစီအစဉ် ကို နံနက် (၉း၃၀) နာရီတွင် စတင်ခဲ့ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အကြံပေး Mr. Thomas Gregory က သြစတြေလျ နိုင်ငံ၏ ဒေသန ္တရ ပြည်သူရေးရာမူဝါဒ (Local Public Policy in Australia) အကြောင်းအရာ ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မရှင်းလင်းသည့် အချက်အလက်များ၊ ထပ်မံသိရှိလိုသည့် အချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

နေ့လည်ပိုင်း အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်ကို နေ့လည် (၁း၁၅) နာရီတွင် ပြန်လည်စတင်ခဲ့ပြီး Mr. Thomas Gregory ကပင် ဒေသန ္တရ အုပ်ချုပ်စီမံမှုတွင် လူမှုအသိုင်းအဝိုင်း ပါဝင်ဆောင်ရွက်ခြင်း (Community Participation in Local Governance) အကြောင်းအရာကို ထပ်မံ ရှင်လင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်လာသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် ဒေသဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ပြည်သူရေးရာ မူဝါဒများ ချမှတ် အကောင်အထည် ဖော်ဆောင်ရာတွင် ပါဝင် တွေ့ကြုံခဲ့ရသည်များကို Mr. Thomas Gregory နှင့် အပြန်အလှန် မျှဝေ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ စီစဉ်သော ပြည်သူ့ရေးရာမူဝါဒနှင့် ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်စီမံမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၊ ညနေ (၄း၁၅) နာရီတွင် ပြီးစီးခဲ့သည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ သို့ မကွေးတိုင်းဒေသကြီး အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် မင်းဘူးမြို့နယ၊် မကွေးမြို့နယ်၊ ရေနံချောင်းမြို့ နယ်၊ တောင်တွင်းကြီးမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်များမှ အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများ စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ကြသည်။