Welcome to Open Myanmar Initiative
single
ဒေသန္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အသိပညာပေးသင်တန်း (မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း ဒေသန္တရအဆင့်တွင် ကောင်းမွန်သော အုပ်ချုပ်ရေးပုံစံ ပီပြင်စွာ ပေါ်ထွက်လာရေးနှင့် ဒီမိုကရက်တစ်နိုင်ငံသား စိတ်ဓာတ်များ ရင့်သန်ခိုင်မာလာစေရေး တို့ကို ရည်ရွယ်လျက် ဒေသန္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အသိပညာပေး သင်တန်းကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မန်းသီတာ ဟိုတယ်၌ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့မှ မတ်လ (၂၂)ရက်နေ့ အထိ (၃) ရက်ကြာ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ မင်းဘူးမြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူ သင်တန်းသူ/သား (၂၁)ဦး တက်ရောက်ခဲ့ပြိီး သင်တန်းကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အုပ်ချုပ်စီမံမှု၊ ဒေသန္တရအုပ်ချုပ်စီမံမှု၊ ဒေသန္တရအစိုးရ၊ တက်ကြွနိုင်ငံသား၊ လူမှုရေးရာတာဝန်ခံမှု၊ မြေယာ ဥပဒေ၊ လူအခွင့်အရေး၊ ခေါင်းဆောင်မှု၊ Advocacy and Campaign အကြောင်းအရာများကို သင်တန်းသူ/သား များနှင့် ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးနိုင်ခဲ့ပါသည်။