Welcome to Open Myanmar Initiative
သင်တန်းရည်ရွယ်ချက်များ

လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက်ရည်ရွယ်ရျ် နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို 31-03-2014 တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကွန်ပြူတာ အခြေခံအသုံးပြုပုံနှင့် တက်မြောက်ထားသင့်သည့် အခြေခံ applications များ အသုံးပြုပုံကို လက်တွေ့ သင်ကြားပြသပေးမည်ဖြစ်သည်။

ထို့အတူ အခြေခံအင်္ဂလိပ်စာသင်တန်းကိုလည်း 01-04-2014 တွင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြောတို့ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းများကို မည်သူမဆို လျှောက်ထားတက်ရောက်နိုင်ပြီး သင်တန်းကြေးမှာ အခမဲ့ ဖြစ်ပါသည်။ လိုအပ်သောသင်ထောက်ကူပစ္စည်းများကိုလည်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှာ အခမဲ့ပံ့ပိုးပေးမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ပွင့်လင်းမြန်မာ့ရှေ့ဆောင်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး၊ သင်တန်းများအတွက် ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးတွင် စတင်စာရင်းပေးလျှောက်ထားနိုင်ပြီဖြစ်သည်။ သင်တန်းသားအရေအတွက် အကန့်အသတ်ရှိပါသည်။

ဆက်သွယ်ရန်

ပွင့်လင်းမြန်မာ့ရှေ့ဆောင် အမှတ် ၈၂-အင်းစိန်လမ်းမကြီး ၉-ရပ်ကွက် ၊လှိုင်မြို့နယ် ရန်ကုန်မြို့။

Ph..+95-1-53 40 80, Email: office.omimyanmar@gmail.com