Welcome to Open Myanmar Initiative

single

(Budget) OMI Alumni Networking Workshop

ပွင့်လင်းမြန်မာ့ရှေ့ဆောင် သင်တန်းတက်ရောက်ခဲ့သူများ၏ ကွန်ရက်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ ၀ုိင်းဟိုတယ်တွင် သြဂုတ်လ(၁၆ )ရက် မနက် (၉) နာရီမှ စတင် ကျင်းပခဲ့ပြီး၊ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ်များ ဖြစ်သည့် ဦးကိုကိုကြီး ၊ ဦးအောင်ဒင် နှင့် အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်တို့မှ အခမ်အနားကို နှုတ်ခွန်းဆက်စကားပြော ဖွင့်လှစ်ပေးခဲ့ပါသည်။

’’အချက်အလက်ကို အခြေခံတဲ့ နိုင်ငံရေးဆောင်ရွက်မှုမျိုး၊ စီမံခန့်ခွဲမှုမျိုး ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့နိုင်ငံ အပြောင်းအလဲအတွက် အရေးတကြီးလိုအပ်ပါတယ် ။အချက်အလက်ကို အခြေပြုပြီး နိုင်ငံရေးဆောင်ရွက်တဲ့ ၊ စီမံခန့်ခွဲမှု ဆောင်ရွက်တဲ့ အခြေအနေ တစ်ခု အဆင့်တစ်ခုကို ရောက်လာဖို့အတွက် OMI (ပွင့်လင်းမြန်မာ့ရှေ့ဆောင်) ဟာ အများကြီး အထောက်အကူပြုပါတယ်လို့ဂုဏ်ယူဝမ်းမြောက်စွာ ယုံကြည်ပါတယ်’’ ဟု ဦးကိုကိုကြီးမှ နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ပွင့်လင်း မြန်မာ ့ရှေ့ ဆောင်၏ သင်တန်းသူ၊သင်တန်းသားများမှ မိတ်ဆက်စကားပြောခဲ့ပြီးနောက် အလှုရှင် အဖွဲ့အစည်းအသီးသီးမှ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။